Beta
Logo of the podcast Fmaj7 Podcast by Mercury

Fmaj7 Podcast by Mercury (BurmaPodcastNetwork)

Explore every episode of Fmaj7 Podcast by Mercury

Dive into the complete episode list for Fmaj7 Podcast by Mercury . Each episode is cataloged with detailed descriptions, making it easy to find and explore specific topics. Keep track of all episodes from your favorite podcast and never miss a moment of insightful content.

Rows per page:

1–9 of 9

Pub. DateTitleDuration
05 Aug 2024ကျော်ကြားခဲ့တဲ့ western classical music ဘယ်က စခဲ့လဲ00:12:58

ဘုရားသခင်ကို ဆက်သွယ်တဲ့ ဂီတသံလို့ သတ်မှတ်ကြတဲ့ခေတ်၊

အလယ်ခေတ် Western Musicတွေက ဒီOrchestraဝိုင်းတွေနဲ့ တီးရတဲ့ Musicတွေမပေါ်ခင် ရှေ့ပြေးဖြစ်တဲ့ Musicတွေ ဖြစ်ခဲ့ကြောင်း ကိုမာကျူရီက ဂီတနဲ့သမိုင်းကြောင်းကို ဒီပိုင်းမှာ ဆွေးနွေးထားပါတယ်။


Fmaji7 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။


Burma Podcast Network ရဲ့ podcasts များကို Youtube, Facebook, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

24 Feb 2024ဘလူးဇ် ဂီတ အကြောင်း ပြောကြရာဝယ် ၊ Episode 3 00:14:41

လူသားနှစ်ဦး စကားစမြည်ပြောဖြစ်ဖို့ ၊ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လေးစားဖို့ ၊​ ဘဝလက်တွဲဖော်အဖြစ် မေတ္တာမျှဖို့ အတွက် ခံစားနားဆင်တဲ့ သံစဥ်စာသား ၊​ဂီတအမျိုးစားတွေက အင်မတန်အရေးကြီးပါတယ်။ ဆိုတော့ ဒီနှစ် Valentine မှ စလို့ ပေါ်ပင် သီချင်းတွေ ဖွင့်ဖွင့်ပြီး တစ်ခုပ်တရ ခံစားမျက်ရည်ဝဲတတ်တဲ့ ပိန်းတိန်းတိန်းတွေ သင့်ဘဝထဲ မရောက်လာဖို့ BPN ဝိုင်းတော်သားများမှ ကိုမာကျူရီရဲ့ Blues ဂီတ အကြောင်းလေးတွေတင်ဆက်ပေးရင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ Happy Valentines! နားထောင်ပြီးသဘောကျတယ်ဆိုရင် Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။

25 Dec 2023Fmaj7 Podcast | Eps#002 |ကမ္ဘာ့အဆင့်မှီ မြန်မာဂီတ00:11:29

ဒီအပိုင်းမှာတော့ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်မှီအောင် အားထုတ်ခဲ့ကြတဲ့ ဂီတစာဆိုကြီးများဖြစ်တဲ့ ဆရာမြိုမငြိမ်း နဲ့ တယောဆရာကြီး တယောဥ◌ီးတင်ရီ တို ရဲ့ နှုတ်ထွက်စကားတွေ ၊ ဂုဏ်ယူစရာ အောင်မြင်မှုတွေ နဲ့ မြန့်မာဂီတရဲ့ လွမ်းဆွတ်နှမြောစရာ အတိတ်တွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ တစ်ကိုယ်လုံးမှာ တန်ဖိုးရှိတာဆိုလို ဒီခေါင်းပဲရှိတယ်လိုပြောခဲ့တဲ့ ဆရာကြီး မြိုမငြိမ်းရဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်မျိုးဟာ ယိုယွင်းနေတဲ့ ခေတ်ဆိုးကြီးက တစ်ခေတ်တစ်ယောက်ပေါ်တဲ့ အနုပညာသမားတစ်ဥ◌ီးကို ဆုံးရှုးခဲ့စေသလားဆိုတာတော့ မိတ်ဆွေတိုဆက်အတွေးချဲ့နိုင်ပါတယ်ဗျာ။ နားဆင်ကြပါအုံး။

23 Mar 2024အာဖရိကန် - အမေရိကန် ဂီတများအကြောင်း ပြောကြရာဝယ် - Fmaj 7 episode-400:09:45

အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေရှိမလာခင်ကတည်း “ဂီတ” ဆိုတာရှိနေခဲ့တာပါ။ တချိန်က ကျွန်တွေဖြစ်ခဲ့တဲ့ လူမည်းတွေဆီကနေစခဲ့တဲ့ ဘလူးစ် ဂီတဟာ African-Americans ယဥ်ကျေးမှုတခုဖြစ်လာခဲ့ပါတယ်။ အခုဆို တကမ္ဘာလုံးမှာပုံစံအမျိုးမျိုးနဲ့ပြန့်ပွားနေတာကိုလည်းတွေ့ရမှာပါ။ လေ့လာလိုက်စားကြတဲ့ နောက် genereation တွေကိုလည်း ကမ္ဘာမှာရော မြန်မာပြည်မှာပါ အစဥ်အဆက် တွေ့နေရဆဲပါပဲ။ Louis Armstrong, B.B King, Sonny Boy Williamson တိုကနေစလို မြန်မာပြည်က အဆိုတော် စီယံ, ညီပု, ထူးအိမ်သင်တိုအပါအဝင်ပါ။ စီယံရဲ့ “စည်းနဲ့ ဝါး”သီချင်း ကိုနားထောင်ကြည့်မယ်ဆိုရင် မြန်မာပြည်က တကယ်က ထူးချွန်ပီး

အနုပညာအရည်အသွေးရှိတဲ့ ဂီတသမားတယောက်ရဲ့ ပညာနဲ့ တန်ဖိုးကိုသိနိုင်ပါတယ်။


ကိုမာကျူရီရဲ့ Fmaji7 episode-4 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို ယုံကြည်ပါတယ်။


Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖိုအတွက် support လုပ်နိုင်ပါတယ်။

01 Sep 2024Own Tune တစ်ပဲ Copy တစ်ပိဿာခေတ်တွေ00:17:07

Fmaj7 | Episode (6) မြန်မာခေတ်ဦးပိုင်း Stereoသီချင်းအများစုဟာ နိုင်ငံခြား Copy သီချင်းတွေဖြစ်ပါတယ်လို့ အတိတ်က လွမ်းမောဖွယ်ရာတွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ အရင်ခေတ်က နာမည်ကြီး ကျော်ကြားခဲ့ကြတဲ့ သီချင်းဟောင်းတွေကိုလည်း ဒီ podcast မှာ မိတ်ဆွေတို့ နားဆင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မွဲတေကြပ်ညပ်နေတဲ့ကာလတွေထဲမှာ နိုင်ငံခြားဂီတွေက မြန်မာ အပါအဝင် အာရှနိုင်ငံအတော်များများမှာ ဘယ်လိုလွှမ်းမိုးမှုရှိခဲ့လဲ ဆိုတာ မိတ်ဆွေတို့ နားဆင်ရင်း ဆက်အတွေးချဲ့နိုင်ပါတယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကျ သူပုန်ဓာတ် ၊​ကဗျာဓာတ် ၊ မိတ်ဆွေဓာတ် များအပြင် ဂီတဓာတ်ကို လည်း ထုတ်လွှင့်လိုက်ရပါတယ်။ Burma Podcast Network ရဲ့ podcasts များကို Youtube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။

22 Mar 2025စိတ်သရုပ်ဖော်ဂီတ အတို့အထိ00:21:28

ဒီအပိုင်းက တော်လှန်ရေးထဲမှာ မွန်းကြပ်နေသူ မိတ်ဆွေတွေအတွက်ပါ။

ကရင်နီ၊ ရခိုင် ၊အညာ၊ ရှမ်း အစရှိတဲ့ စစ်မြေပြင်အသီးသီးက BPN နားထောင်ကြတဲ့ မိတ်ဆွေတွေကို ၂၀၂၅ မှာ ဘာများနားထောင်ချင်ကြသလဲလို့ စကားစပ်မိတုန်း မေးဖြစ်တော့ နိုင်ငံရေးမဟုတ်တဲ့ဟာ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တာတွေ နားထောင်ချင်ပါတယ်တဲ့။ ဒီလိုရိုးသားတဲ့ အဖြေကိုကြားရတာ ပထမတော့ ထိတ်လန့်သွားပါတယ်။ နောက်မှ သူတို့ရှင်းပြတာက ရှေ့တန်းမှာ စစ်တိုက်ပြီးပြန်လာတဲ့အခါ စစ်တွေ၊နိုင်ငံရေးတွေအကြောင်း ထပ်နားထောင်ဖို့ အားမရှိပါဘူးတဲ့။ BPN က ထုတ်တဲ့ Podcast တွေမှာ စိတ်နှလုံးချမ်းသာစေမယ့် အရာလေးတွေ ၊ လူသားဆန်တဲ့ အတွေးအခေါ်လေးတွေ ပါဝင်မယ်ဆို နောက်တန်းပြန်ခွင့်ရချိန် ပုခက်လေးပေါ်ခဏအမောဖြေရင်း နားထောင်ရတာစိတ်ချမ်းသာပါပြီဆိုတဲ့ တုန့်ပြန်ချက်တွေကို လေးစားသောအားဖြင့်...


" FMaj7 "ပေါ့ကတ်စ် ရဲ့ ကမ္ဘာဂီတရေစီးကြောင်းထဲက ရိုးမန့်တစ်ဇင် ခံစားမှုဝါဒီဂီတဘယ်က အစပြုသလဲဆိုတာလေးနဲ့ တောထဲက၊ ပြည်တွင်းက မိတ်ဆွေတွေ chill နိုင်ကြအောင် တင်ဆက်လိုက်ရပါတယ်။

25 Dec 2023Fmaj7 Podcast | Eps#001 | ဂီတမိတ်ဆက် 00:09:58

ဂီတဟာ ကမ္ဘာမြေပုံပေါ်က မျိုးနွယ် ၊ နိုင်ငံ ၊ နယ်နမိတ်တွေကို ဖြတ်ကျော်ပြီး လူသားမျိုးနွယ်ရဲ့ ချစ်စရာ ငြိမ်းချမ်းရေး အသွင်တစ်ခုပါပဲ။ ဒီအပိုင်းမှာတော့ ဂီတပုံစံအသီးသီးထဲက မာကျူရီက Classical နဲ့ Jazz ဂီတအကြောင်းလေး မဆိုသလောက် တို့ထိပြသွားပါတယ်။ နားဆင်ကြည့်ပါအုံး.

14 Apr 2025မာကျူရီနှင့် သင်္ကြန်သီချင်းများ00:25:52

သင်္ကြန်လို့ပြောလိုက်ရင် မှတ်မှတ်သားသာပြောစရာဖြစ်တဲ့ မန္တလေးသင်္ကြန် အကြောင်းကို FMaj7 ရဲ့ မာကျူရီက စစ်ဘေးသဘာဝဘေးများစွာကို ခံစားနေကြရဲ့တဲ့ တော်လှန်သော သောတရှင်အပေါင်းတို့အတွက် သင်္ကြန်အလွမ်းပြေသီချင်းများနဲ့ တင်ဆက်လိုက်ပါတယ်။


မာကျူရီ နဲ့ သင်္ကြန်သီချင်းများ Podcast မှာ ဝေမျှသွားမယ့်အကြောင်းအရာတွေကတော့

  • ရွှေမန်းသူ မန်းသားတို့က မန္တလေးရဲ့ ယဉ်ကျေးပျော်ရွှင်ဖွယ် သင်္ကြန်အလေ့အထတစ်ခုကို ဘယ်လိုစတင်ခဲ့ကြတာလဲ?
  • သင်္ကြန်ဆိုတဲ့အသံကြားတာနဲ့ တွဲလျက်မြင်မိတဲ့ တူးပို့ တူးပို့ဆိုတာ ဘယ်သူတွေက ဘယ်လိုတီထွင်ခဲ့တာလဲ?
  • နယ်ချဲ့ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကာလမှာ သင်္ကြန်ကို ဘယ်လိုတွေဖြတ်သန်းခဲ့ကြလဲ?
  • "ညိုမြ" ဆိုတဲ့စကားစတင်ဖြစ်ပေါ်လာခဲ့ပုံအကြောင်း၊ ပြည်တော်ဝင်သီချင်းရဲ့ ရာဇဝင်၊ ရွှေမန်းတောင်ရိပ်ခိုစတဲ့ သင်္ကြန်လို့ပြောလိုက်တာနဲ့ တွဲမြင်နေရတဲ့ သီချင်းတွေ အကြောင်းစသဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ သင်္ကြန်ရဲ့ သမိုင်းကြောင်းတွေကို Burma Podcast Network ရဲ့ Platform တွေဖြစ်တဲ့ YouTube, Spotify နဲ့ Apple Podcast တို့မှာ Special Episode အနေနဲ့ တင်ဆက်လိုက်ပါတယ်။

မိတ်ဆွေများအားလုံး စိတ်ဓာတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေကြောင်း ကျွန်တော် မာကျူရီမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

#BurmaPodcastNetwork #BPN #podcast#MyanmarPodcast #Burma #Myanmar #InfoMM#ThingyanFestival #ThingyanSong #Thingyan#Mandalay #mandalaymyanmar #Myoma

27 Oct 2024ရီနေဆန်းခေတ်က music ဆိုတာ ဘယ်လိုလဲ။00:16:38

Fmaj7 | Episode (7)

ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ဆွဲခဲ့တဲ့သူ  လီယိုနာဒိုဒါဗင်ချီ ဆိုတာက ရီနေဆန်းခေတ်ရဲ့ ပြယုတ် တစ်ခုပါပဲ။


လူတွေအချင်းချင်း သတ်နေဖြတ်နေကြရာကနေ နည်းနည်း ယဉ်ကျေးလာတဲ့ ကာလတစ်ခုကို ရီနေဆန်းခေတ်လို့ ခေါ်တယ်လို့ ဆိုပါတယ်။


ရီနေဆန်းခေတ်ကာလက သီချင်းအကြောင်းတွေ၊ ဘယ်လို တူရိယာတွေကို သုံးခဲ့ကြလဲ ဆိုတာ ကို မာကျူရီက တင်ဆက်ဆွေးနွေးထားပါတယ်။


Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ 

#burmapodcastnetwork  #Burma  #myanmarpodcast  #BPN #fmaj7 #renaissance #music #history #musichistory

Enhance your understanding of Fmaj7 Podcast by Mercury with My Podcast Data

At My Podcast Data, we strive to provide in-depth, data-driven insights into the world of podcasts. Whether you're an avid listener, a podcast creator, or a researcher, the detailed statistics and analyses we offer can help you better understand the performance and trends of Fmaj7 Podcast by Mercury . From episode frequency and shared links to RSS feed health, our goal is to empower you with the knowledge you need to stay informed and make the most of your podcasting experience. Explore more shows and discover the data that drives the podcast industry.
© My Podcast Data